Content

ပထမဦးဆုံးတီးခတ်ရန် လိုအပ်ချက်များ

Friday, January 18, 2008 0 comments
ဂစ်တာမှာ ကြိုး (၆)ကြိုးရှိပါတယ်။ အောက်ဆုံးက အရွယ်အစားအသေးဆုံးကြိုးကို No(1) String လို့ခေါ်တယ်။ အောက်ကြိုးကနေ အပေါ်ကြိုးကို အစီအစဉ်အတိုင်း ရေတွက်ကြည့်မယ်ဆိုရင် -
No (1) String , No(2) String , ...............No(6) String အထိ ရှိပါတယ်။
ကြိုးတွေ အခေါ်အဝေါ်တွေကို သူ့နံပါတ်နဲ့သူ အလွတ်ရအောင် ကျက်မှတ်ထားရမယ်။ ကဲ .....ဒါဆို အခုချိန်ကစပြီး ကြိုးညှိလိုက်ကြရအောင် ။ ဂစ်တာကြိုးတွေအောက်မှာ သတ္တုဘား၊ သို့မဟုတ် ကြေးဘားလေးတွေ နဲ့ Fret အကွက်တွေ ရိုက်ထားတယ်။ ဒါဟာ Fingere Board လို့ခေါ်တဲ့ ဂစ်တာ Chordတွေ ကိုင်တွယ်တဲ့ လက်ကွက်အပြားပါပဲ။

ဂစ်တာ Nut ရဲ့ ထိပ်ဆုံးကနေစပြီးတော့ ရေတွက်ရင် တတိယအကွက်(ဆိုလိုတာက Fretနံပါတ်3 ကိုပြောတာ)မှာ (၁) ကြိုးကို လက်နက်ဖိထားပါ။ ပြီးတော့ တီးပြီး အသံကို နားထောင်ကြည့်ပါ။ တတိယကြိုး No(3) String ကို ဘာမှဖိမထားဘဲ အလွတ်တီးပါ။ အလွတ်တီးတာကို Open String လို့ ခေါ်တယ်။ အဲဒီတော့ ကြိုးမညီတဲ့ဂစ်တာမှာ ဒီ(၁)ကြိုးနဲ့ (၃)ကြိုးအသံနှစ်ခုဟာ တူညီမှာမဟုတ်ပါဘူး။ ဒါကြောင့် (၃)ကြိုးကို (၁)ကြိုးနဲ့ အသံတူအောင် လိုက်ညှိပေးပါ။ အသံတူသွားရင် (၁)ကြိုးနဲ့ (၃)ကြိုးဟာ ညီသွားပါပြီ။
ဒီလိုပါပဲ (၃)ကြိုးကို ဒုတိယအကွက်မှာ လက်နဲ့ဖိပြီး (၅)ကြိုးကို (၃)ကြိုးနဲ့ အသံတူညီလာအောင် Open String တီးပြီး ညှိပေးပါ။ အသံတူသွားပြီဆိုရင် (၁)ကြို၊ (၃)ကြိုးနဲ့ (၅)ကြိုးတို့ဟာ ညှိလို့ပြီးသွားပါပြီ။

ဒုတိယပိုင်းအနေနဲ့ (၂)ကြိုး၊ (၄)ကြိုးနဲ့ (၆)ကြိုးတွေကို ညှိရပါလိမ့်မယ်။
(၂)ကြိုးကို Fret (၅)ကွက်နေရာမှာ လက်နဲ့ဖိထားပါ။ (၁)ကြိုးကို Open String အလွတ်တီးပြီး (၂)ကြိုးကို (၁)ကြိုးနဲ့ အသံတူသွားအောင် လိုက်ညှိပါ။ ညှိပြီးသွားရင် (၁)ကြိုးနဲ့ (၂)ကြိုးဟာ ညီသွားပါပြီ။
(၂)ကြိုးကို Fret (၃)ကွက်နေရာမှာ လက်နဲ့ဖိပါ။ (၄)ကြိုးကို Open String တီးပြီး (၂)ကြိုးနဲ့ အသံတူအောင် လိုက်ညှိပါ။
(၄)ကြိုးကို Fret (၂)ကွက်နေရာမှာ လက်နဲ့ဖိထားပါ။ (၆)ကြိုးကို Open String တီးပြီး (၄)ကြိုးနဲ့ အသံတူအောင် လိုက်ညှိပါ။
ဒီလိုညှိပြီးသွားရင် ဂစ်တာဟာ Tunning ညီသွားပါပြီ။ ဒါပေမယ့် သေချာအောင် စစ်ဆေးတဲ့ နည်းတစ်နည်း ရှိပါသေးတယ်။ အဲ့ဒီနည်းကို သုံးကြည့်ရပါလိမ့်မယ်။

(၂)ကြိုးကို Fret (၅)ကွက်နေရာမှာလက်နဲ့ဖိပြီး (၁)ကြိုး Open String နဲ့ အသံညီမညီ စစ်ဆေးကြည့်ပါ။
(၃)ကြိုးကို Fret (၄)ကွက်နေရာမှာလက်နဲ့ဖိပြီး (၂)ကြိုး Open String နဲ့ အသံညီမညီ စစ်ဆေးကြည့်ပါ။
(၄)ကြိုးကို Fret (၅)ကွက်နေရာမှာလက်နဲ့ဖိပြီး (၃)ကြိုး Open String နဲ့ အသံညီမညီ စစ်ဆေးကြည့်ပါ။
(၅)ကြိုးကို Fret (၅)ကွက်နေရာမှာလက်နဲ့ဖိပြီး (၄)ကြိုး Open String နဲ့ အသံညီမညီ စစ်ဆေးကြည့်ပါ။
(၆)ကြိုးကို Fret (၅)ကွက်နေရာမှာလက်နဲ့ဖိပြီး (၅)ကြိုး Open String နဲ့ အသံညီမညီ စစ်ဆေးကြည့်ပါ။
စစ်ဆေးတဲ့ အသံတွေအားလုံး တူညီနေတယ်ဆိုရင် စတင်တီးခတ်လို့ ရနိုင်ပါပြီ ။

F chord G chord And C Chord

0 comments


1 st နဲ့ 2st မှာ 1 ချည်းပဲနှစ်ခုဖြစ်နေတာဟာ ကြိုးနှစ်ချောင်းလုံးကို လက်ညိုးနဲ့ ဖိကိုင်ရမယ်လို့ ဆိုလိုတာပါ။ G chord ကို ကိုင်ချင်ရင် အထက်ပါ F Chord ပုံစံအတိုင်း Fret 3 ကွက်က စကိုင်လိုက်ပါ။ နောက်တစ်မျိုးကတော့ အောက်ပါအတိုင်းကိုင်ပါ။
C Chords


ကော့ဒ်ကိုင်ရန် ဂစ်တာတွင် Fretအကွက် နံပါတ်မှတ်ခြင်း

Wednesday, January 16, 2008 0 comments
ကော့ဒ်စကိုင်ဖို့ လက်ချောင်းနံပါတ်မှတ်ပြီးသွားရင် ဂစ်တာမှာလည်း မှတ်ရပါမယ်။ ကြိုးညှိသော ဂစ်တာ ထိပ်ဖက်ပိုင်မှ အသံအိုးး ဂစ်တာနောက်ဖက်ပိုင်းသို့ ပုံတွင်ပြထားသည့်အတိုင်း ၁၊၂၊၃၊၄...စသဖြင့် မှတ်သားရပါမယ်။

ကော့ဒ်မိသားစုများ

1 comments
ကော့ဒ် ကိုင်ဖို့ လက်ချောင်းနံပါတ်တွေ သတ်မှတ်ထားရပါမယ်။
အထက်ပုံမှာ ပြထားတဲ့အတိုင်း မှတ်ထားရပါမယ် ။
လက်ညိုး = 1
လက်ခလယ် = 2
လက်သူကြွယ် = 3
လက်သန်း = 4


Family Chords ဆိုတာ Key တစ်ခုအတွင်းမှာရှိတဲ့ မေဂျာ (Major)၊ မိုင်နာ (Minor)နဲ့ ဆဲဗင့် (Seventh) ကောဒ်တွေကို ခေါ်ဆိုတာပါ။ ဥပမာ -
Key "c"
C, C7, Em, Am, Dm, F, G, D7, A7, G7 အစရှိတဲ့ ကော့ဒ်တွေဟာ Key "C" နဲ့တီးတဲ့ သီချင်းတွေမှာ အမြဲတမ်း ပါဝင်လေ့ရှိတာကြောင့် မိသားစုကော့ဒ်များ (
Family Chords) လို့ခေါ်တွင်ပါတယ်။
အခြား Key တွေမှာလည်း သူ့ Key နဲ့သူ မိသားစုကော့ဒ်တွေ ရှိကြပါတယ်။ အဲ့ဒီကော့ဒ်တွေကလွဲပြီး အခြား ကော့ဒ်တွေကို မိတ်ဖက်ကော့ဒ် (Harmony Chords)လို့ ခေါ်တွင်ကြပါတယ်။



မိတ်ဆက်စကား

1 comments

အနောက်နိုင်ငံတွေမှာ တစ်ချိန်တုန်းက တီးခတ်မှု Style တွေကို အမည်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်ကာလမှာ တီးခတ်မှု Style တွေကို ပုံသေ မသတ်မှတ်တော့ဘူး။ ဥပမာ Cha Cha နဲ့ တီးခတ်ရတဲ့ သီချင်းမျိုးကို Pattern ဆိုတဲ့ ကိုယ်နှစ်သက်သလိုတီးခတ်မှုမျိုးနဲ့ ပြောင်းတီးတတ်ကြတယ်။ ရှင်းရှင်းပြောရရင် သီချင်းတစ်ပုဒ်ကို ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ ကြိုက်သလိုသာ တီးပါ။ နားထောင်လို့ လိုက်ဖက်မယ်။ ကောင်းမွန်မယ်ဆိုရင် ဒီ Pattern Style ကို လူလက်ခံနှစ်သက်ကြမှာပါပဲ။
ဒါပေမယ့် Guitar ကို အခုမှ စတင်တီးခတ်တော့မယ့် သူတွေဟာ ဒီလို
Pattern Style တွေ တီးခတ်နိုင်ဖို့အတွက် အခြေခံ Beating တွေကို ပိုင်နိုင်အောင် လေ့ကျင့်ရပါလိမ့်မယ်။ ဒီလို ပိုင်နိုင်လာတော့မှ ကိုယ့်စိတ်ကြိုက် Pattern Style ကို ပြောင်းလဲ တီးခတ်လို့ ရနိုင်ပါလိမ့်မယ်။ ဒါကြောင့် စနစ်တကျ လေ့လာဆည်းပူးကြစေလိုပါတယ်။
တစ်ချို့က လက်နာလို့ ဆက်မသင်တော့တာမျိုးတွေ ကျွန်တော် ကြုံဖူးပါတယ်။ တကယ်တတ်ချင်ရင်တော့ နည်းနည်းလေးတော့ အနာခံရပါလိမ့်မယ်။ လက်ထိပ်လေးတွေ အသားမာ တက်တော့မှ အသံထွက် ပိုကောင်း လာပါတယ်။
0 comments