Content

Hard Rock Style

Monday, July 6, 2009 0 comments
ီDown Stroke နဲ့ Up Stroke ကို နားလည်ပြီဆိုရင်တော့ Hard Rock Beat ကို စတင် တီးခတ်ကြရအောင်ပါ။ Down Stroke ဟာ Plectrum နဲ့ ဂစ်တာကြိုးတွေကို အပေါ်ကနေ ဆတ်ခနဲ ရိုက်ချခြင်းဖြစ်ပြီး Up Stroke ဆိုသည်မှာ အပေါ်ကို ပင့်ရိုက်တဲ့ ရိုက်ချက်ကို ဆိုလိုခြင်း ဖြစ်ပါတယ်...။

Hard Rock ကို တီးခတ်ရာမှာ ကျွန်တော် Half Bar နှစ်ခုဖြင့် ခွဲပြပါ့မယ်။

**First Half Bar**
ယခု ပထမဘားဝက်မှာ ရိုက်ချက်လေးချက်ရှိပြီး ပုံမှာ ပြထားသည့်အတိုင်း (1) မှာ အပေါ်ကရိုက်ချက် (Down Stroke )နဲ့ အောက်မှပင့်ရိုက်ချက် (Up Stroke) ဆိုပြီး ရိုက်ချက် နှစ်ချက်ရှိပါမယ်။ (2) မှာလည်း ဒီအတိုင်းပါပဲ၊ သို့သော် သူ့မှာ Down Stroke လို့ခေါ်တဲ့ အပေါ်ရိုက်ချက်မှာ ကျွန်တော် အစက်လေး တစ်စက် ပြထားပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Break ဖမ်းရမယ်ဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။ Break ဖမ်းတယ်ဆိုတာ ရိုက်နေရင်းနဲ့ ကြိုးလေးတွေ ဖွလိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့မှ Up Stroke ကို ဆက်တိုက် ရိုက်သွားရပါမယ်... ။ အခုမှ စတီးကြတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် Break ဖမ်းရာမှာ အခက်အခဲ လေးတွေ ရှိနိုင်ပါတယ်။ အဲ့တော့ ကိုယ်ကိုင်ထားတဲ့ ကောဒ့်ပေါ်က လက်ချောင်းလေးတွေကို ဖွပေးပြီး ရိုက်ချက် ကျင့်ကြပါလို့ တိုက်တွန်းပါရစေ ။ ပြီးတော့ ဒီ Hard Rock Beat ဟာ မြန်ပါတယ်။ မြူးပါတယ်။

**Second Half Bar **
ဒီ ဒုတိယ Bar ဟာ ပထမ Bar အတိုင်းပဲ ဖြစ်ပါတယ်။

**One Bar**
ဒါကတော့ Bar အပြည့် One Bar ပါ ။

Hard Rock ကို ကျင့်ကြည့်၊ တီးကြည်ပါ၊ စနစ်တကျနဲ့ တီးတတ်သွားရင် အလွန်နားထောင်ကောင်းတဲ့ Beating Style ဖြစ်ပါကြောင်း.............။

Country Style

Tuesday, March 31, 2009 0 comments
Beat တစ်ခုကို တီးတော့မယ်ဆိုရင် Bar အကြောင်း နားလည်ထားရပါမယ်။ အသုံးများတဲ့ 4/4 Timing အကြောင်းကို ရှင်းပါမယ်။

ပုံမှာ ပြထားတဲ့အတိုင်း One Bar မှာ Beat (၄) ခုရှိပါတယ်။ အဲ့တော့ Beat (၂)ခုဟာ ဘားဝက်(Half Bar) ပေါ့ ။

ယခုသင်ကြားမယ့် သင်ခန်းစာများကို သင်ကြားရာမှာ သက္တေင်္လေးတွေနဲ့ သင်ကြားမှာဖြစ်တယ်။ ဒါကြောင့် ဒီ သင်္က္တေလေးတွေကို နားလည်ဖို့ လိုတယ်။





အထက်ပါ သင်္က္တေတွေကို နားလည်သွားပြီဆိုရင်တော့ တီးခတ်မှုလေးကို စလိုက်ကြရအောင် ။ အားလုံး နားလည်လွယ်ကူအောင် ဘားဝက်တွေနဲ့ခွဲပြီး ပြပါမယ်။

**First Half Bar**

ပထမ ဘားဝက်မှာ ရိုက်ချက်(၂)ချက် ရှိပါတယ်။ နှစ်ချက်လုံးကို အပေါ်ကနေချည်းပဲ (Down Stroke) ရိုက်ရမှာပါ။ ပထမဆုံး ရိုက်ချက်(1)ကို (၆)ကြိုးကနေ ဆတ်ခနဲ ရိုက်ချလိုက်ပါ။ ရိုက်ချက်(2)ကိုတော့ (၄)ကြိုးနေ ရိုက်ချလိုက်ပါ။

**Second Half Bar**

ရိုက်ချက်(3) ကို အပေါ်အောက် ဆက်တိုက်ရိုက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ Down Stroke နဲ့ Up Stroke ဟာ တစ်ပြိုင်တည်း အမြန်ဆုံးရိုက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုက်ချက်(3)ဟာ စတင်တီးခတ်သူတွေအတွက် ခက်ခဲပါလိမ့်မယ်။ သို့သော် မြန်ဆန်အောင် လေ့ကျင့်လိုက်ပါ။ ရိုက်ချက်(4)ကတော့ အပေါ်ကနေ ရိုက်ချလိုက်တဲ့ ရိုးရိုး ရိုက်ချက်လေးပါပဲ။

**Country One Bar**


ဧဒင်အလိုက်သီချင်းလေးနဲ့ တီးကြည့်ရအောင်................

ဒီသီချင်းမှာ လေ့လာစရာတစ်ခုက



ပါပဲ ။ C ကော့ဒ်ပေါ်က သင်္က္တေဟာ အဲ့ဒီ C ကော့ဒ်မှာ ရိုက်ချက်တွေကို ရပ်ပစ်လိုက်ဖို့ပါပဲ။ နောက် ရိုက်ချက်သုံးချက်မှာ ဘာရိုက်ချက်မှ မရှိဘူးလို့ ဆိုလိုတာပါ။

Plectrum ဖြင့် စနစ်တကျ ကိုင်တွယ်တီးခတ်ခြင်း

0 comments

Plectrum တွင် Heavy, Medium, Thin ဆိုပြီး အမျိုးအစားများ ရှိပါတယ်။ Heavy ဟာ ကျောက်ပြားတစ်ချပ်နီးပါး မာကြောပြီး၊ Bass ဂစ်တာအတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Medium ကတော့ Lead ဂစ်တာအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ Thin ကတော့ ရစ်သမ်အတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

Plectrum ဒီဇိုင်းစတိုင် များစွာရှိပေမယ့် ၊ ယခုမှ စပြီး တီးသူများအတွက်ကတော့ သုံးထောင့်ပုံစံ Plectrum လက်ခတ်ပြားကို သုံးစွဲခြင်းဟာ အသင့်တော်ဆုံးပါပဲ။

ရပ်ကွက်ထဲတွေမှာကော၊ အခြားသော ပုဂ္ဂိုလ်တွေမှာ အများဆုံးတွေ့နေရတာက Plectrum ကို လက်ညှိုး၊ လက်ခလယ်၊ လက်မ သုံးချောင်းနဲ့ စုကိုင်ပြီး တီးခတ်နေတာကို မြင်တွေ့ နေရပါတယ်။ ဒါဟာ တကယ်တော့ နည်းလမ်းမကျလှသော ကိုင်တွယ်မှုပါပဲလို့ ပြောပါရစေ ။ Plectrum တစ်ခုကို ကိုင်တွယ်တော့မယ်ဆိုရင် လက်မနဲ့ လက်ညှိုးကိုသာ အသုံးပြုရပါမယ်။


လက်ညိုးနဲ့ လက်မထိပ်ပိုင်းဟာ (၉၀)ဒီဂရီအနေအထားမှာရှိနေရမှာဖြစ်ပြီး Plectrum ကို ညှပ်ထားရမှာ ဖြစ်ပါတယ်။ Plectrum ကို ကိုင်တွယ်တဲ့အခါမှာလည်း ခပ်ဖွဖွလေးသာ ကိုင်တွယ်ရပါမယ်။ ပထမဆုံး စကိုင် တီးတဲ့သူအတွက် လွတ်ကျမှာပါပဲ၊လွတ်ကျပါစေ၊ လွတ်ရင် ပြန်ကောက် ပြန်တီးပေါ့။ ကျွန်တော်ပြောတဲ့အတိုင်းသာ ကိုင်တွယ် တီးခတ်ကြည့်ပါ၊ နောက်ပိုင်း အဆင်ပြေသွားပါလိမ့်မယ်။