


Born in Pyay and got degree of Psychology. Started to write poems and short stories at seven standard. Participated in drawing competition and sometimes made copying pictures and made competition in fast drawing.
Therefore I am interested in drawing. I learnt music from my father and learnt guitar from my Uncle. I also learnt guitar from Sayar Khine Kyaw in Yangon.
ယခု ပထမဘားဝက်မှာ ရိုက်ချက်လေးချက်ရှိပြီး ပုံမှာ ပြထားသည့်အတိုင်း (1) မှာ အပေါ်ကရိုက်ချက် (Down Stroke )နဲ့ အောက်မှပင့်ရိုက်ချက် (Up Stroke) ဆိုပြီး ရိုက်ချက် နှစ်ချက်ရှိပါမယ်။ (2) မှာလည်း ဒီအတိုင်းပါပဲ၊ သို့သော် သူ့မှာ Down Stroke လို့ခေါ်တဲ့ အပေါ်ရိုက်ချက်မှာ ကျွန်တော် အစက်လေး တစ်စက် ပြထားပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Break ဖမ်းရမယ်ဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။ Break ဖမ်းတယ်ဆိုတာ ရိုက်နေရင်းနဲ့ ကြိုးလေးတွေ ဖွလိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့မှ Up Stroke ကို ဆက်တိုက် ရိုက်သွားရပါမယ်... ။ အခုမှ စတီးကြတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် Break ဖမ်းရာမှာ အခက်အခဲ လေးတွေ ရှိနိုင်ပါတယ်။ အဲ့တော့ ကိုယ်ကိုင်ထားတဲ့ ကောဒ့်ပေါ်က လက်ချောင်းလေးတွေကို ဖွပေးပြီး ရိုက်ချက် ကျင့်ကြပါလို့ တိုက်တွန်းပါရစေ ။ ပြီးတော့ ဒီ Hard Rock Beat ဟာ မြန်ပါတယ်။ မြူးပါတယ်။
ဒီ ဒုတိယ Bar ဟာ ပထမ Bar အတိုင်းပဲ ဖြစ်ပါတယ်။
ဒါကတော့ Bar အပြည့် One Bar ပါ ။