အနောက်နိုင်ငံတွေမှာ တစ်ချိန်တုန်းက တီးခတ်မှု Style တွေကို အမည်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်ကာလမှာ တီးခတ်မှု Style တွေကို ပုံသေ မသတ်မှတ်တော့ဘူး။ ဥပမာ Cha Cha နဲ့ တီးခတ်ရတဲ့ သီချင်းမျိုးကို Pattern ဆိုတဲ့ ကိုယ်နှစ်သက်သလိုတီးခတ်မှုမျိုးနဲ့ ပြောင်းတီးတတ်ကြတယ်။ ရှင်းရှင်းပြောရရင် သီချင်းတစ်ပုဒ်ကို ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ ကြိုက်သလိုသာ တီးပါ။ နားထောင်လို့ လိုက်ဖက်မယ်။ ကောင်းမွန်မယ်ဆိုရင် ဒီ Pattern Style ကို လူလက်ခံနှစ်သက်ကြမှာပါပဲ။
ဒါပေမယ့် Guitar ကို အခုမှ စတင်တီးခတ်တော့မယ့် သူတွေဟာ ဒီလို Pattern Style တွေ တီးခတ်နိုင်ဖို့အတွက် အခြေခံ Beating တွေကို ပိုင်နိုင်အောင် လေ့ကျင့်ရပါလိမ့်မယ်။ ဒီလို ပိုင်နိုင်လာတော့မှ ကိုယ့်စိတ်ကြိုက် Pattern Style ကို ပြောင်းလဲ တီးခတ်လို့ ရနိုင်ပါလိမ့်မယ်။ ဒါကြောင့် စနစ်တကျ လေ့လာဆည်းပူးကြစေလိုပါတယ်။
တစ်ချို့က လက်နာလို့ ဆက်မသင်တော့တာမျိုးတွေ ကျွန်တော် ကြုံဖူးပါတယ်။ တကယ်တတ်ချင်ရင်တော့ နည်းနည်းလေးတော့ အနာခံရပါလိမ့်မယ်။ လက်ထိပ်လေးတွေ အသားမာ တက်တော့မှ အသံထွက် ပိုကောင်း လာပါတယ်။

1 comments:
အကိုရေ ကျေးဇူးပါပဲဗျာ။ ဂစ်တာတီးရင် လက်ထိပ်မနာတော့ပါဘူး တီးတဲ့ စတိုင်လေးတွေ အကြောင်းဆက်သင်ပေးပါဦး။ GO GO CHA CHA =) \m/ \m/
Post a Comment