Content

Plectrum ဖြင့် စနစ်တကျ ကိုင်တွယ်တီးခတ်ခြင်း

Tuesday, March 31, 2009

Plectrum တွင် Heavy, Medium, Thin ဆိုပြီး အမျိုးအစားများ ရှိပါတယ်။ Heavy ဟာ ကျောက်ပြားတစ်ချပ်နီးပါး မာကြောပြီး၊ Bass ဂစ်တာအတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Medium ကတော့ Lead ဂစ်တာအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ Thin ကတော့ ရစ်သမ်အတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

Plectrum ဒီဇိုင်းစတိုင် များစွာရှိပေမယ့် ၊ ယခုမှ စပြီး တီးသူများအတွက်ကတော့ သုံးထောင့်ပုံစံ Plectrum လက်ခတ်ပြားကို သုံးစွဲခြင်းဟာ အသင့်တော်ဆုံးပါပဲ။

ရပ်ကွက်ထဲတွေမှာကော၊ အခြားသော ပုဂ္ဂိုလ်တွေမှာ အများဆုံးတွေ့နေရတာက Plectrum ကို လက်ညှိုး၊ လက်ခလယ်၊ လက်မ သုံးချောင်းနဲ့ စုကိုင်ပြီး တီးခတ်နေတာကို မြင်တွေ့ နေရပါတယ်။ ဒါဟာ တကယ်တော့ နည်းလမ်းမကျလှသော ကိုင်တွယ်မှုပါပဲလို့ ပြောပါရစေ ။ Plectrum တစ်ခုကို ကိုင်တွယ်တော့မယ်ဆိုရင် လက်မနဲ့ လက်ညှိုးကိုသာ အသုံးပြုရပါမယ်။


လက်ညိုးနဲ့ လက်မထိပ်ပိုင်းဟာ (၉၀)ဒီဂရီအနေအထားမှာရှိနေရမှာဖြစ်ပြီး Plectrum ကို ညှပ်ထားရမှာ ဖြစ်ပါတယ်။ Plectrum ကို ကိုင်တွယ်တဲ့အခါမှာလည်း ခပ်ဖွဖွလေးသာ ကိုင်တွယ်ရပါမယ်။ ပထမဆုံး စကိုင် တီးတဲ့သူအတွက် လွတ်ကျမှာပါပဲ၊လွတ်ကျပါစေ၊ လွတ်ရင် ပြန်ကောက် ပြန်တီးပေါ့။ ကျွန်တော်ပြောတဲ့အတိုင်းသာ ကိုင်တွယ် တီးခတ်ကြည့်ပါ၊ နောက်ပိုင်း အဆင်ပြေသွားပါလိမ့်မယ်။


0 comments:

Post a Comment